Blog

Blog workplace skill

သတ်မှတ်ထားသော အချိန်အတွင်းမှာ အလုပ်တွေဘယ်လို ပြီးအောင်လုပ်မလဲ?

ကျွန်မ တို့တစ်ယောက်ဆီကို တစ်နေ့မှာ အချိန် ၂၄ နာရီ ဆီပဲ ရကျတဲ့အတွက် ရတဲ့အချိန်အတွင်းမှာ လုပ်စရာရှိတဲ့တာဝန်တွေကို ပြီးဆုံးအောင်လုပ်ကိုင်နိုင်ဖို့ အတွက် အချိန်ကို သေချာစီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ အချိန်ကို နည်းစနစ်ကျကျစီမံ ခန့်ခွဲနိုင်ဖို့အတွက် အချိန် စီမံခန့်ခွဲ ရာမှာ သတိပြုသင့်တဲ့ အချက် 11 ချက်ကို ဖော်ပြလိုက်ပါတယ်ရှင်။1. အရေးကြီးဆုံး တာဝန်ကို အရင်လုပ်ပါ - ဒါကတော့ Time Managment မှာ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ သင့်မှာ တစ်နေ့တာ လုပ်စရာတာဝန်တွေထဲက အရေးကြီးတဲ့ တာဝန်တွေကို ၂ခု မှ ၃ခု အထိ သတ်မှတ်ပြီး အရင်ဆုံးဦးစားပေးပြီး လုပ်ဆောင်သင့်ပါတယ်။အကယ်၍ အလုပ်တာဝန် အကုန် မပြီးမြောက်ခဲ့ရင်တောင်မှာ အရေးကြီးတဲ့ အလုပ်တာဝန်တွေ ပြီးသွားတဲ့ အတွက်ကျန်တာတွေကို မနက်ဖြန်ကို ရွှေ့၍လုပ်ဆောင်နိုင်ပါတယ်။2. ငြင်းတတ်ပါစေ - ကျွန်တော်တို့ တွေဟာ အားနာပြီး အခြားလုပ်ဖော်ကိုင်ဖက်မှ အကူအညီတောင်းတာတွေ ကိုလက်ခံမိတတ်ကျပါတယ်၊ သင့်မှာ အလုပ်တွေပိနေတဲ့အခါမျိုးမှာတော့ သင့်ရဲ့ အခြေအနေမှန်ကို သေချာရှင်းပြ၍ ငြင်းပါ၊ အကယ်၍ မငြင်းပဲ လက်ခံမိပါက မလိုအပ်တဲ့ stress တွေရပြီး အလုပ်မပြီးမြောက်တာတွေ ဖြစ်တတ်ပါတယ်။3. တစ်နေ့ကို အနည်းဆုံး ၇နာရီ မှ ၈ နာရီ ကြားအိပ်ပါ - အချို့လူတွေကို အိပ်ချိန်ကို လျှော့ပြီး အလုပ်လုပ်တာက အလုပ်တွေကို ပိုမိုပြီးမြောက်စေတယ်လို့ထင်လေ့ရှိပါတယ်။ အဲဒါက မမှားပေမယ့် လူအများစုဟာ ဇီဝ ဖွဲ့စည်းပုံ အရ တစ်နေ့ကို ၇နာရီ မှ ၈နာရီ အကြား အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန် အလုံအလောက်မရရှိပါက လည်း သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကိုထိခိုက်ပြီး အလုပ်ပြီးမြောက်နိုင်စွမ်းကိုကျဆင်းစေနိုင်ပါတယ်။4. လက်ရှိလုပ်နေတဲ့တာဝန်ကို အပြည့်အဝအာရုံစိုက်ပါ - အလုပ်လုပ်တဲ့ အခါမှာ Browser tab တွေအများကြီးဖွင့်ထားတာ၊ ဟိုခုန် ဒီခုန်လုပ်တာကလည်း သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ကျဆင်းစေနိုင်တဲ့ အတွက် တတ်နိုင်သမျှ သင့်လက်ရှိ လုပ်ကိုင်နေတဲ့ တာဝန်ကို အပြည့်အဝ အာရုံစိုက်ပြီးလုပ်ကိုင်ဖို့အတွက်လိုအပ်ပါတယ်။ ထိုကြောင့် မလိုအပ်တဲ့ Browser tab တွေကို မဖွင့်ပဲ အနှောင့်အရှက်ကင်းတဲ့နေရာမျိုး မှာလုပ်ကိုင်သင့်ပါတယ်။5. တတ်နိုင်သမျှ မြန်မြန်စလုပ်ပါ - အချို့ လူတွေက အလုပ်တာဝန်တစ်ခုပြီးတဲ့အခါမှာ အခါ နောက်တစ်ခုလုပ်ဖို့ကို အချိန်ဆွဲလေ့ရှိပါတယ်။ ဒါကြောင့် အလုပ်စလုပ်မှာပဲဖြစ်ဖြစ် နောက်တာဝန်တစ်ခုကို ထပ်လုပ်တာပဲ ဖြစ်ဖြစ် တတ်နိုင်သမျှ မြန်မြန် စလုပ်သင့်ပါတယ်။6. အရေးမကြီးတဲ့ အရာတွကို အရမ်းအသေးစိတ်လုပ်ခြင်းကို ရှောင်ပါ - အသေးစိတ် လုပ်တတ်တဲ့ အကျင့်ရှိတာကောင်းပေမယ့် သင့်မှာအလုပ်တွေပုံနေတဲ့အခါမျိုးတွေမှာ အရေးမကြီးတဲ့အရာတွေကို အသေးစိတ်မလုပ်မိတဲ့ အခါ အရေးကြီးတဲ့ အရာတွေကို လုပ်ဖို့အတွက် အချိန် နည်းသွားနိုင်တဲ့အတွက် ဒီအချက်ကို သတိပြုသင့်ပါတယ်။7. အရေးကြီးတဲ့ တာဝန်တွေကို အကျင့်ဖြစ်အောင်လုပ်ပါ - ကျွန်တော်ဆိုရင် Content writer တစ်ယောက်ဖြစ်တဲ့ အတွက် စာရေးတာက အဓိကတာဝန် ဖြစ်တဲ့အတွက် စာရေးတာကို အကျင့်တစ်ခုဖြစ်အောင်လုပ်ထားပါတယ်။ ဒါမှ အကျင့်ဖြစ်ပြီး မြန်မြန် လုပ်နိုင်မှာ ဖြစ်ပါတယ်။ သင်ဆိုရင်လည်း သင်အလုပ်မှာ သင့်အတွက် အရေးကြီးတဲ့အလုပ်ကို ခွဲထုတ်၍ အကျင့်ဖြစ်အောင်လုပ်ထားဖို့လိုအပ်ပါတယ်။8. ...

Time management workplace skill
02 Aug 2019
You will receive the email for your email confirmation. Please check!