How to cultivate Self Awareness

Personal Upgrade 14 Aug 2019

(English version below)


[Zawgyi]

မိမိကိုယ္ကိုယ္သိဖို႔ လုပ္ေဆာင္ရမယ့္နည္းလမ္းမ်ာ


လူတခ်ဳိ႕က သူတို႔ကုိယ္သူတို႔ ဘယ္လိုလူမ်ဳိးျဖစ္တယ္၊ ဘာေတြကို သူတို႔ေတြ ေအာင္ျမင္ေအာင္ လုပ္ကိုင္ႏိုင္တယ္ဆိုတာကိုု ျပည့္ျပည့္၀၀မသိဘဲ ဘ၀ကိုျဖတ္သန္းသြားၾကပါတယ္။ မိမိကုိယ္ကိုယ္ သိတာက ကိုယ့္ကုိယ္ကိုယ္ ပိုၿပီးေကာင္းမြန္ေအာင္စီမံခန္႔ခြဲဖို႔နဲ႔ လူအမ်ားနဲ႔ အဆင္ေျပေျပဆက္သြယ္ ႏို္င္ဖို႔အတြက္ အေျခခံျဖစ္ပါတယ္။ “ခံစားခ်က္တစ္ခုကို ျဖစ္ပ်က္တဲ့အတိုင္း သိျမင္တာ၊ တစ္နည္းေျပာရရင္ မိမိကိုယ္ကိုယ္ သိတာက စိတ္ခံစားမႈဆိုင္ရာအသိဥာဏ္အတြက္ အဓိကအုတ္ျမစ္ျဖစ္တယ္” လို႔ Emotional Intelligence (စိတ္ခံစားမႈဆိုင္ရာအသိဥာဏ္) ထဲမွာ Daniel Goleman က ေရးသားခဲ့ပါတယ္။

ကိုယ္က ဘယ္လိုလူမ်ဳိးျဖစ္တယ္၊ ကိုယ့္ရဲ႕ပင္ကုိယ္စ႐ိုက္၊ အက်င့္ေတြ၊ စိတ္ခံစားမႈေတြ၊ အျပဳအမူေတြနဲ႔ ကိုယ္ တန္ဖိုးထားတဲ့အရာေတြေပၚမွာ ျပည့္ျပည့္၀၀သိရွိထားဖို႔ လိုိအပ္ပါတယ္။ ဘယ္လိုအရာေတြက ကိုယ့္ရဲ႕တံု႔ျပန္ခ်က္ေတြကို ျဖစ္ေစတယ္ဆိုတာကို သိရမယ္။ လူေတာ္ေတာ္ မ်ားမ်ားက ကိုယ့္အေၾကာင္းကို ေကာင္းေကာင္းသိတယ္လို႔ ယူဆၾကတယ္။ အမွန္တကယ္ကေတာ့ ကိုယ့္အေၾကာင္းနဲ႔ပတ္သက္ၿပီး ခက္ခဲတဲ့အမွန္တရားေတြကို ႐ိုး႐ိုးသားသား သိရွိၿပီး လုပ္ကိုင္ဖို႔ျဖစ္ပါ တယ္။ မိမိကိုယ္ကိုယ္သိႏိုင္မယ့္နည္းလမ္းေတြကို Wynee က ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။


စာရင္းျပဳစုပါ

အားသာခ်က္ေတြနဲ႔ အားနည္းခ်က္ေတြအပါအ၀င္ ကိုယ့္အေၾကာင္းကို ေဖာ္ညႊန္းျပသႏိုင္တဲ့စကားလံုး ေတြ၊ စကားစုေတြကို စာရင္းျပဳစုၾကည့္ပါ။ ျမန္ျမန္လုပ္ၾကည့့္ၿပီး ေဘးမွာခ်ထားလိုက္ပါ။ ရက္အနည္း ငယ္ၾကာတဲ့အခ်ိန္မွာ အဲဒီစာရင္းထဲက ကိုယ့္ရဲ႕စ႐ိုက္ေတြကို ဖ်က္ခ်င္တာဖ်က္၊ ထပ္ထည့္ခ်င္တာ ထပ္ထည့္ပါ။ ၿပီးေတာ့ ကိုယ္နဲ႔ ပံုမွန္အဆက္အသြယ္ရွိတဲ့ ဥပမာ-မိဘ၊ သူငယ္ခ်င္းနဲ႔ လုပ္ေဖာ္ ကိုင္ဖက္ (ကိုယ္နဲ႔ သက္တူရြယ္တူေတြနဲ႔ အထက္လူႀကီးႏွစ္ေယာက္လံုးဆိုရင္ ေကာင္းပါတယ္) ေတြထဲက သံုးေယာက္စီနဲ႔ အနည္းဆံုးလူ ၉ ေယာက္ ကိုလည္း အလားတူလုပ္ခိုင္းၾကည့္ပါ။ ဘယ္ အရာေတြက ထပ္ေနလဲ၊ ဘယ္အရာေတြက အံ့ၾသစရာေကာင္းေနလဲဆိုတာ သိရေအာင္ သူတို႔ရဲ႕ စာရင္းနဲ႔ ကုိယ့္ရဲ႕စာရင္းကို ႏႈိင္းယွဥ္ၾကည့္ပါ။


စာရင္းႏွစ္ခုကို ေပါင္းပါ

(က) ကိုယ့္စာရင္းထဲမွာပါေနၿပီး တျခားသူေတြေဖာ္ျပထားတဲ့ အလားတူတဲ့ စရိုက္ေတြထဲကတစ္ခုျဖစ္ၿပီး (ခ) ကိုယ့္စာရင္းထဲမွာမပါတဲ့ တျခားသူေတြေဖာ္ျပထားတဲ့စရိုက္ေတြပါ။ ပထမတစ္ခုက ကိုယ့္အေၾကာင္းကို သိေနတယ္ဆိုတာရဲ႕ အတည္ျပဳခ်က္ျဖစ္ၿပီး ဒုတိယတစ္ခုမွာေတာ့ ကိုယ့္အေၾကာင္းကို ကိုယ္ မသိတဲ့၊ ဒါမွမဟုတ္ လက္မခံခ်င္တဲ့ ေ၀၀ါးေနတဲ့အခ်က္ေတြပါ၀င္ႏိုင္ ပါတယ္။ ကိုယ့္ရဲ႕ အျပဳအမူေပၚ တျခားသူေတြရႈျမင္ပံုကို အေျခခံထားတဲ့အတြက္ အဲဒီရႈျမင္ခ်က္ေတြအားလံုးကို  ဆီေလ်ာ္မႈရွိတယ္လို႔ လက္ခံႏိုင္ေအာင္ႀကိဳးစားပါ။


သံုးသပ္ပါ၊ ေရးပါ

တစ္ပတ္တာအတြင္းက ကိစၥရပ္ေတြနဲ႔ အျဖစ္အပ်က္ေတြမွာ ကိုယ္ျပဳမူခဲ့တဲ့၊ တုံ႔ျပန္ခဲ့တဲ့ အရာေတြအေပၚ သံုးသပ္ႏိုင္ဖို႔ စေန၊တနဂၤေႏြထဲက တစ္ရက္ရက္မွာ ကိုယ့္အတြက္ ကိုယ္ပိုုင္အခ်ိန္ရွာပါ။ ဥပမာ-အလုပ္မွာ ျပႆနာျဖစ္တဲ့ မွတ္မွတ္ရရျဖစ္ရတဲ့ေန႔ေတြမွာ ဒါကို အဲဒီေန႔ရဲ႕ အဆံုးမွာ လုပ္သင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒါက ကိုယ့္ရဲ႕စိတ္ထဲမွာ မွတ္မိေနအံုးမွာျဖစ္ပါတယ္။ ကုိယ့္ကိုယ္ကိုယ္ပဲ အာရံုစိုက္ပါ။ အဲဒီထဲမွာပါတဲ့ တျခားသူေတြနဲ႔ သူတို႔ေတြရဲ႕ျပဳမူပံုေတြကို အာရံုမစိုက္ပါနဲ႔။ ကိုယ့္ရဲ႕တံု႔ျပန္ခ်က္ေတြကို ျဖစ္ေစတဲ့အရာေတြကို စဥ္းစားပါ။ စာရင္းႏွစ္ခုေပၚမွာ ျပန္ၿပီးသံုးသပ္ပါ။ စာရင္း (က) မွာ ျပဳျပင္ဖုိ႔လိုတာေတြရွိမရွိၾကည့္ပါ။ စာရင္း(က)မွာ ကိုယ့္ရဲ႕စရိုက္ေတြရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းေတြ ထပ္ထည့္ၿပီး ေန႔စဥ္မွတ္တမ္းေရးပါ။


သတိရွိမႈကို အေလ့အက်င့္လုပ္ပါ

ဒါက အခက္ခဲဆံုးျဖစ္ၿပီး ကို္ယ့္ကိုယ္ကိုယ္နားလည္မႈနဲ႔ တစ္ဆက္တည္းမွာပဲ ကိုယ့္ကိုယ္ကိုယ္ စီမံခန္႔ခြဲႏိုင္မႈနဲ႔ ဆက္ဆံေရးေတြကို စီမံခန္႔ခြဲႏိုင္ဖို႔အတြက္ သက္ေရာက္မႈအရွိဆံုးေျခလွမ္းလည္း ျဖစ္ပါတယ္။ ကိုယ့္ရဲ႕အေတြးေတြ၊ တုံ႔ျပန္ခ်က္ေတြကို ကိုယ့္ရဲ႕အျပဳအမူ (မ်က္ႏွာထား၊ အသံ) ေတြေပၚမွာ သက္ေရာက္မႈမရွိခင္ သူတို႔ျဖစ္ေပၚလာတဲ့အတိုင္း သတိရွိတာက ေရရွည္လုပ္ရမယ့္ အရာျဖစ္ပါတယ္။ လမ္းေလွ်ာက္ရင္း၊ ေရခ်ဳိးရင္း၊ စားရင္း စတဲ့နိစၥဓူ၀တာ၀န္ေတြလုပ္ေဆာင္ရင္း ရိုးရိုးေလး သတိထားၿပီးအသက္ရွဴျခင္း (သတိကပ္ၿပီး တရားထုိင္ျခင္း)ကို စတင္ေလ့က်င့္မယ္ဆိုရင္ သတိရွိမႈကို တိုးတက္လာမွာျဖစ္ပါတယ္။ ဒီအေလ့အက်င့္က ပံုမွန္ျဖစ္လာတဲ့အခါ ကိုယ့္ရဲ႕သတိရွိမႈက ကိုယ့္ရဲ႕စိတ္အေျခအေနကို တစ္သမတည္းသိရွိသြားေစၿပီး ကိုယ့္အေၾကာင္းကို နားလည္မႈကလည္း နက္နဲလာမွာပါ။ တစ္ေန႔ ငါးမိနစ္စသျဖင့္ နည္းနည္းခ်င္း စလုပ္ၾကည့္ပါ။ သက္ေသာင့္သက္သာပိုျဖစ္လာတဲ့အခ်ိန္မွာ “ထိုင္”တဲ့အခ်ိန္ကို တိုးၾကည့္ပါ။ အရာရာတိုင္းကို သတိရွိရွိလုပ္ေဆာင္ရင္း ကိုယ့္ကိုယ္ကိုယ္သိမႈက အေလ့အက်င့္ကေန ရရွိလာမွာျဖစ္ပါတယ္။

သတိကပ္ၿပီး တရားထို္င္ျခင္းနဲ႔ပတ္သက္တဲ့ စာအုပ္ေတြ၊ ဆရာေတြရွိၾကေပမယ့္ ကိုယ္တိုင္က အျမဲတမ္း ရိုးရိုးေလးသတိထားၿပီး စူးစူးစိုက္စိုက္နဲ႔ အသက္ရွဴမႈကို အေလ့အက်င့္လုပ္ဖို႔လိုအပ္ပါ တယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် “တိုးတက္လာတဲ့ခံစားခ်က္ကို အမွန္တကယ္ သိရွိၿပီး ကို္ယ့္ကိုယ္ကိုယ္ နက္နက္နဲနဲ နားလည္လာၿပီး အသိအမွတ္ျပဳလာမွာျဖစ္ပါတယ္။

ကိုယ့္ကိုယ့္ကိုယ္နားလည္တာက ကိုယ့္ကိုယ္ကိုုယ္ ပုဂၢိဳလ္ေရးအရေရာ၊ လုပ္ငန္းသေဘာအရပါ တိုးတက္လာဖို႔အတြက္ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ ဒီနည္းလမ္းေတြက ကိုယ့္အေၾကာင္း၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြနဲ႔ အားနည္းခ်က္ေတြကို ပိုၿပီးသိရွိလာဖို႔အတြက္ အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ခင္စႏၵီလြင္သည္ အာရွ၊ အာဖရိကနဲ႔ West Indies စသည့္ႏိုင္ငံမ်ားတြင္ အလုပ္လုပ္ကိုင္ၿပီး ကုလသမဂၢတြင္ ႏွစ္သံုးဆယ္ၾကာ စီမံခန္႔ခြဲမႈအေတြ႕အႀကံဳေတြအေပၚ အေျခခံထားေသာ Professional Development ေတြကို အေထာက္အပံ့ေပးေနၿပီး ေခါင္းေဆာင္မႈနဲ႔ စီမံခန္႔ခြဲမႈပိုင္းဆိုင္ရာသင္တန္းဆရာမတစ္ဦးျဖစ္ပါသည္။ See Facebook Page @leadershipdevelopmentmyanmar.



ဒီေဆာင္းပါးကေန ေလ့လာမွတ္သားစရာေတြ ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေနာက္ထပ္ေဆာင္းပါးေကာင္းေတြ ဖတ္ရေအာင္ click hereကို ႏွိပ္ၿပီး ကြၽနိမတို႔ သတင္းလႊာကို ရယူႏိုင္ပါတယ္။


[Unicode]

မိမိကိုယ်ကိုယ်သိဖို့ လုပ်ဆောင်ရမယ့်နည်းလမ်းများ


လူတချို့က သူတို့ကိုယ်သူတို့ ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘာတွေကို သူတို့တွေ အောင်မြင်အောင် လုပ်ကိုင်နိုင်တယ်ဆိုတာကို ပြည့်ပြည့်၀၀မသိဘဲ ဘဝကိုဖြတ်သန်းသွားကြပါတယ်။ မိမိကိုယ်ကိုယ် သိတာက ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းမွန်အောင်စီမံခန့်ခွဲဖို့နဲ့ လူအများနဲ့ အဆင်ပြေပြေဆက်သွယ် နိုင်ဖို့အတွက် အခြေခံဖြစ်ပါတယ်။ “ခံစားချက်တစ်ခုကို ဖြစ်ပျက်တဲ့အတိုင်း သိမြင်တာ၊ တစ်နည်းပြောရရင် မိမိကိုယ်ကိုယ် သိတာက စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်အတွက် အဓိကအုတ်မြစ်ဖြစ်တယ်” လို့ Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်) ထဲမှာ Daniel Goleman က ရေးသားခဲ့ပါတယ်။

ကိုယ်က ဘယ်လိုလူမျိုးဖြစ်တယ်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်၊ အကျင့်တွေ၊ စိတ်ခံစားမှုတွေ၊ အပြုအမူတွေနဲ့ ကိုယ် တန်ဖိုးထားတဲ့အရာတွေပေါ်မှာ ပြည့်ပြည့်၀၀သိရှိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအရာတွေက ကိုယ့်ရဲ့တုံ့ပြန်ချက်တွေကို ဖြစ်စေတယ်ဆိုတာကို သိရမယ်။ လူတော်တော် များများက ကိုယ့်အကြောင်းကို ကောင်းကောင်းသိတယ်လို့ ယူဆကြတယ်။ အမှန်တကယ်ကတော့ ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီး ခက်ခဲတဲ့အမှန်တရားတွေကို ရိုးရိုးသားသား သိရှိပြီး လုပ်ကိုင်ဖို့ဖြစ်ပါ တယ်။ မိမိကိုယ်ကိုယ်သိနိုင်မယ့်နည်းလမ်းတွေကို Wynee က အောက်မှာဖော်ပြပေးလိုက်ပါတယ်။


စာရင်းပြုစုပါ

အားသာချက်တွေနဲ့ အားနည်းချက်တွေအပါအဝင် ကိုယ့်အကြောင်းကို ဖော်ညွှန်းပြသနိုင်တဲ့စကားလုံး တွေ၊ စကားစုတွေကို စာရင်းပြုစုကြည့်ပါ။ မြန်မြန်လုပ်ကြည့်ပြီး ဘေးမှာချထားလိုက်ပါ။ ရက်အနည်း ငယ်ကြာတဲ့အချိန်မှာ အဲဒီစာရင်းထဲက ကိုယ့်ရဲ့စရိုက်တွေကို ဖျက်ချင်တာဖျက်၊ ထပ်ထည့်ချင်တာ ထပ်ထည့်ပါ။ ပြီးတော့ ကိုယ်နဲ့ ပုံမှန်အဆက်အသွယ်ရှိတဲ့ ဥပမာ-မိဘ၊ သူငယ်ချင်းနဲ့ လုပ်ဖော် ကိုင်ဖက် (ကိုယ်နဲ့ သက်တူရွယ်တူတွေနဲ့ အထက်လူကြီးနှစ်ယောက်လုံးဆိုရင် ကောင်းပါတယ်) တွေထဲက သုံးယောက်စီနဲ့ အနည်းဆုံးလူ ၉ ယောက် ကိုလည်း အလားတူလုပ်ခိုင်းကြည့်ပါ။ ဘယ် အရာတွေက ထပ်နေလဲ၊ ဘယ်အရာတွေက အံ့သြစရာကောင်းနေလဲဆိုတာ သိရအောင် သူတို့ရဲ့ စာရင်းနဲ့ ကိုယ့်ရဲ့စာရင်းကို နှိုင်းယှဉ်ကြည့်ပါ။


စာရင်းနှစ်ခုကို ပေါင်းပါ

(က) ကိုယ့်စာရင်းထဲမှာပါနေပြီး တခြားသူတွေဖော်ပြထားတဲ့ အလားတူတဲ့ စရိုက်တွေထဲကတစ်ခုဖြစ်ပြီး (ခ) ကိုယ့်စာရင်းထဲမှာမပါတဲ့ တခြားသူတွေဖော်ပြထားတဲ့စရိုက်တွေပါ။ ပထမတစ်ခုက ကိုယ့်အကြောင်းကို သိနေတယ်ဆိုတာရဲ့ အတည်ပြုချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ ကိုယ့်အကြောင်းကို ကိုယ် မသိတဲ့၊ ဒါမှမဟုတ် လက်မခံချင်တဲ့ ေ၀ဝါးနေတဲ့အချက်တွေပါဝင်နိုင် ပါတယ်။ ကိုယ့်ရဲ့ အပြုအမူပေါ် တခြားသူတွေရှုမြင်ပုံကို အခြေခံထားတဲ့အတွက် အဲဒီရှုမြင်ချက်တွေအားလုံးကို  ဆီလျော်မှုရှိတယ်လို့ လက်ခံနိုင်အောင်ကြိုးစားပါ။


သုံးသပ်ပါ၊ ရေးပါ

တစ်ပတ်တာအတွင်းက ကိစ္စရပ်တွေနဲ့ အဖြစ်အပျက်တွေမှာ ကိုယ်ပြုမူခဲ့တဲ့၊ တုံ့ပြန်ခဲ့တဲ့ အရာတွေအပေါ် သုံးသပ်နိုင်ဖို့ စနေ၊တနင်္ဂနွေထဲက တစ်ရက်ရက်မှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ရှာပါ။ ဥပမာ-အလုပ်မှာ ပြဿနာဖြစ်တဲ့ မှတ်မှတ်ရရဖြစ်ရတဲ့နေ့တွေမှာ ဒါကို အဲဒီနေ့ရဲ့ အဆုံးမှာ လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကိုယ့်ရဲ့စိတ်ထဲမှာ မှတ်မိနေအုံးမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။ အဲဒီထဲမှာပါတဲ့ တခြားသူတွေနဲ့ သူတို့တွေရဲ့ပြုမူပုံတွေကို အာရုံမစိုက်ပါနဲ့။ ကိုယ့်ရဲ့တုံ့ပြန်ချက်တွေကို ဖြစ်စေတဲ့အရာတွေကို စဉ်းစားပါ။ စာရင်းနှစ်ခုပေါ်မှာ ပြန်ပြီးသုံးသပ်ပါ။ စာရင်း (က) မှာ ပြုပြင်ဖို့လိုတာတွေရှိမရှိကြည့်ပါ။ စာရင်း(က)မှာ ကိုယ့်ရဲ့စရိုက်တွေရဲ့နောက်ကွယ်က အကြောင်းရင်းတွေ ထပ်ထည့်ပြီး နေ့စဉ်မှတ်တမ်းရေးပါ။


သတိရှိမှုကို အလေ့အကျင့်လုပ်ပါ

ဒါက အခက်ခဲဆုံးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်နားလည်မှုနဲ့ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုနဲ့ ဆက်ဆံရေးတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် သက်ရောက်မှုအရှိဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေ၊ တုံ့ပြန်ချက်တွေကို ကိုယ့်ရဲ့အပြုအမူ (မျက်နှာထား၊ အသံ) တွေပေါ်မှာ သက်ရောက်မှုမရှိခင် သူတို့ဖြစ်ပေါ်လာတဲ့အတိုင်း သတိရှိတာက ရေရှည်လုပ်ရမယ့် အရာဖြစ်ပါတယ်။ လမ်းလျှောက်ရင်း၊ ရေချိုးရင်း၊ စားရင်း စတဲ့နိစ္စဓူဝတာဝန်တွေလုပ်ဆောင်ရင်း ရိုးရိုးလေး သတိထားပြီးအသက်ရှူခြင်း (သတိကပ်ပြီး တရားထိုင်ခြင်း)ကို စတင်လေ့ကျင့်မယ်ဆိုရင် သတိရှိမှုကို တိုးတက်လာမှာဖြစ်ပါတယ်။ ဒီအလေ့အကျင့်က ပုံမှန်ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့သတိရှိမှုက ကိုယ့်ရဲ့စိတ်အခြေအနေကို တစ်သမတည်းသိရှိသွားစေပြီး ကိုယ့်အကြောင်းကို နားလည်မှုကလည်း နက်နဲလာမှာပါ။ တစ်နေ့ ငါးမိနစ်စသဖြင့် နည်းနည်းချင်း စလုပ်ကြည့်ပါ။ သက်သောင့်သက်သာပိုဖြစ်လာတဲ့အချိန်မှာ “ထိုင်”တဲ့အချိန်ကို တိုးကြည့်ပါ။ အရာရာတိုင်းကို သတိရှိရှိလုပ်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ်သိမှုက အလေ့အကျင့်ကနေ ရရှိလာမှာဖြစ်ပါတယ်။

သတိကပ်ပြီး တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဆရာတွေရှိကြပေမယ့် ကိုယ်တိုင်က အမြဲတမ်း ရိုးရိုးလေးသတိထားပြီး စူးစူးစိုက်စိုက်နဲ့ အသက်ရှူမှုကို အလေ့အကျင့်လုပ်ဖို့လိုအပ်ပါ တယ်။ အချိန်ကြာလာတာနဲ့အမျှ “တိုးတက်လာတဲ့ခံစားချက်ကို အမှန်တကယ် သိရှိပြီး ကိုယ့်ကိုယ်ကိုယ် နက်နက်နဲနဲ နားလည်လာပြီး အသိအမှတ်ပြုလာမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ့်ကိုယ်နားလည်တာက ကိုယ့်ကိုယ်ကိုယ် ပုဂ္ဂိုလ်ရေးအရရော၊ လုပ်ငန်းသဘောအရပါ တိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ပိုပြီးသိရှိလာဖို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ခင်စန္ဒီလွင်သည် အာရှ၊ အာဖရိကနဲ့ West Indies စသည့်နိုင်ငံများတွင် အလုပ်လုပ်ကိုင်ပြီး ကုလသမဂ္ဂတွင် နှစ်သုံးဆယ်ကြာ စီမံခန့်ခွဲမှုအတွေ့အကြုံတွေအပေါ် အခြေခံထားသော Professional Development တွေကို အထောက်အပံ့ပေးနေပြီး ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာသင်တန်းဆရာမတစ်ဦးဖြစ်ပါသည်။ See Facebook Page

@leadershipdevelopmentmyanmar.


ဒီဆောင်းပါးကနေ လေ့လာမှတ်သားစရာတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်ဆောင်းပါးကောင်းတွေ ဖတ်ရအောင် click hereကို နှိပ်ပြီး ကျွနိမတို့ သတင်းလွှာကို ရယူနိုင်ပါတယ်။


---- The article is adapted, with permission to use from http://wyneemyanmar.com/blog. We thank Wynee Myanmar for their generous support. ----




How to Cultivate Self Awareness


Some go through life never fully aware of who they truly are and what they are capable of accomplishing. Self-awareness is the foundation for better self-management and engaging effectively with people. Daniel Goleman wrote in Emotional Intelligence: “Self-awareness, recognizing a feeling as it happens, is the keystone of emotional intelligence.”

We need to be fully aware of who we are, our personality, habits, emotions, behaviors and values. We need to be aware of the ‘triggers’ that cause our reactions. Most of us think we know ourselves very well. The reality is that many of us actually need to work on it to honestly acknowledge difficult truths about ourselves. Wynee provides the following tools of developing self-awareness:


Make Lists: describe yourself in a list of descriptive words and phrases, including strengths and weaknesses. Do it quickly and put it aside. A few days later, go over it, deleting or adding traits. Then ask at least 9 people who you interact with regularly – 3 each from your family, friends and work colleagues (good to have both peers and bosses) – to do the same. Compare your list with theirs: what overlaps and what are surprises?


Compile two lists: (a) one of the similar traits mentioned by others that you have on your list and (b) another of traits that others mentioned that are not in your list. The first is a confirmation of what you are aware of yourself and the second one may contain blind spots that you either do not know about yourself or do not want to accept. Try to accept all observations as valid, keeping in mind that they are based on how your behavior is perceived by others.


Reflect and Write: find some alone time each weekend to reflect on the week’s events and how you behaved or reacted to incidents. On days of significant events (for example, a conflict at work), this should be done at the end of that day, as it will be fresh on your mind. Focus on you – not on the other persons involved or make judgements on how they behaved. Think about what triggered your reactions. Reflect back on the two lists and see if you need to adjust list (a). Start a journal of your reflections, expanding on your list (a) – on the why’s behind your traits.


Practice mindfulness: it is the most difficult but most effective step to deepening your self-awareness and subsequently, self-management and managing relationships. Being mindful of your thoughts, reactions as they arise before they affect your behavior (including facial expressions, tone of voice) is a long-term effort. Starting with simple consciousness breathing (mindful meditation) and practicing while doing daily routines such as walking, bathing and eating, will help develop the consciousness. When this practice becomes a routine habit, your consciousness expands into constant awareness of your mental state and deepens your understanding of yourself. Do it in small steps – just 5 minutes a day and increasing “sitting” time as it becomes more comfortable. Self-awareness comes with the capacity to practice while doing things consciously.

Many books and teachers are available on Mindfulness Meditation but all it takes is consistent practice of simple conscious and focused breathing. Over time, you will indeed “recognize a feeling as it develops” and have the depth of understanding and appreciating yourself.

Self awareness is a key foundation to developing yourself personally and professionally. Hopefully these tools can help you achieve a better idea of yourself, your strengths and your weaknesses.

Khin-Sandi Lwin is a trainer in leadership and management; facilitating professional development based on 30 years of management experience with the UN, working in countries in Asia, Africa and the West Indies. See Facebook Page @leadershipdevelopmentmyanmar.


New Day Jobs hopes you have learned from this article. If you like what you read, click here to subscribe to our newsletter.


---- The article is adapted, with permission to use from http://wyneemyanmar.com/blog. We thank Wynee Myanmar for their generous support. ----

Back
You will receive the email for your email confirmation. Please check!